ပြခန်းများပါဝင်ပြသရန်နှင့် ပြပွဲသို့ လာရောက်ကြည့်ရှုလေ့လာဖို့ ဖိတ်ခေါ်ခြင်း
မင်္ဂလာပါ!
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း နှင့် Chinese Texitle & Garment Association in Myanmar (CTGA) တို့ပူးပေါင်းပြုလုပ်မည့် “2024 Myanmar International Textile and Machinery Fair” ကို လာမယ့် ဒီဇင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့ထိ ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝန်းရှိ Yangon Convention Center (YCC) မှာကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် ပြခန်းများပါဝင်ပြသရန်နှင့် ပြပွဲသို့ လာရောက်ကြည့်ရှုလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုလုပ်တာဖြစ်ပါတယ်။ ပြပွဲမှာ ကုန်အမှတ်တံဆိပ် (၂၀) ကျော်ကို တရုတ်နိုင်ငံမှ ပြခန်းပေါင်း (၁၂၀) ခန့် နှင့် မြန်မာနိုင်ငံမှ ပြခန်းပေါင်း (၄၀) ခန့် စုစုပေါင်း (၁၆၀) ကျော်ခန့် ပါဝင်ပြသကြမှာဖြစ်ပြီး အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများ၊ အပ်ချုပ်စက်များ၊ အထည်ချုပ်လုပ်ငန်းတွင်အသုံးပြုသည့် စက်ပစ္စည်းအမျိုးမျိုး၊ Shoe & Bag အမျိုးမျိုးနှင့် Home Textile အစရှိတဲ့ ပစ္စည်းအမျိုးမျိုးကို ပြသသွားကြမှာဖြစ်ပါတယ်။
ပြပွဲမှာ အထည်ချုပ်လုပ်ငန်းနှင့်ပတ်သက်သည့် ဗဟုသုတများရရှိနိုင်မယ့် Panel Discussion များ၊ Made in Myanmar Product များကိုပြသမယ့် Fashion Show များ၊ Costume Competition များ၊ စီးပွားရေးဆိုင်ရာအချက်အလက်များကို ဖလှယ်နိုင်မည့် Business Matching များလည်းပါဝင်သွားမှာဖြစ်ပါတယ်။ ပြခန်းစျေးနှုန်းများနှင့် ပြပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဖုန်း – ၀၉၄၃၀၈၁၄၂၄ သို့ နိုဝင်ဘာလ ၁၈ ရက် နောက်ဆုံးထားကာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
ပြပွဲသို့လာရောက်ကြည့်ရှုလေ့လာလိုသူတွေအနေနဲ့ https://mgma.odoo.com/…/2024-myanmar…/register မှတဆင့် ကြိုတင် စာရင်းပေးသွင်းကာ တက်ရောက်နိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။
ရက်စွဲ – ဒီဇင်ဘာ ၆၊ ၇၊ ၈ ၊ ၂၀၂၄ ခုနှစ်
အချိန် – နံနက် ၉း၀၀ နာရီမှ ၄း၀၀ နာရီထိ
နေရာ – Yangon Convention Center (YCC), Inya Lake Compound
အမှတ် (၃၇)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့။