လက်ကမ်းအလှူအစီအစဥ်

လက်ကမ်းအလှူအစီအစဥ်

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှကြီးမှူး၍ ငွေကျပ် သိန်း ၂၀၀ မတည်ကာ UMFCCI မှတဆင့် နေပြည်တော်ရှိ ရေဘေးဒဏ်သင့်အရပ်ဒေသများသို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။ ယနေ့အထိ အသင်းဝင်စက်ရုံများမှ ငွေသားအလှူငွေ ၆၃,၅၆၄,၅၀၀ ကျပ်တိတိ နှင့် အဝတ်အထည်များ၊ဆေးဝါး နှင့် အစားအသောက် စုစုပေါင်းတန်ဖိုး အလှူငွေ ၁၄၀,၁၃၅,၂၅၀ ကျပ်တိတိတို့ကို စုစုပေါင်း သိန်း ၂၀၀၀ ကျော် လက်ခံရရှိထားပါသည်။ အသင်းဝင်များ၏ လှူဒါန်းမှုများဖြင့် ရေနစ်မြုပ်ကျေးရွာများတွင် အထူးလိုအပ်လျှက်ရှိသော immediate assistance ဖြစ်သော အခြေခံစားသောက်ကုန်၊ ပစ္စည်း များဖြစ်သည့် “ဆန်၊ဆီ၊ဆား၊ငရုပ်၊ကြက်သွန်၊ငါးခြောက်၊ပဲ၊ ဆေးဝါး၊ ခြင်ထောင်၊ စောင်၊ ဒန်အိုး၊ဒယ်အိုး၊ထမင်းစားပန်းကန်ပြား၊ဇလုံ၊အကြမ်းစီးဖိနပ်” စသည်တို့ကို “လက်ကမ်းအလှူ ပက်ကေ့ချ်” အစီအစဥ်ဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှကြီးမှူး၍ ရေနစ်မြုပ်ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်၍ လက်ရောက်လှူဒါန်းသွားမည် ဖြစ်သောကြောင့် MGMAအသင်း၏ အစီအစဥ်နှင့် လှူဒါန်းလိုသော အသင်းဝင်စက်ရုံများအနေဖြင့် ဆက်လက်ပါဝင်လှူဒါန်းနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။