မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ ပထမအဆင့် (Phase I) ၏”လက်ကမ်းအလှူ ပက်ကေ့ချ်” အစီအစဥ်

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ ပထမအဆင့် (Phase I) ၏”လက်ကမ်းအလှူ ပက်ကေ့ချ်” အစီအစဥ်
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ ပထမအဆင့် (Phase I) ၏”လက်ကမ်းအလှူ ပက်ကေ့ချ်” အစီအစဥ်ဖြင့် “ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ငါးခြောက်၊ ငါးသေတ္တာ၊ ပဲ၊ ဆေးဝါး၊ ခြင်ထောင်၊ စောင်၊ ဖယောင်းတိုင် မီးခြစ်၊ ဒန်အိုး၊ ဒယ်အိုး၊ ထမင်းစားပန်း ဇလုံ၊ဇွန်း၊ယားနာပျောက်ဆေး၊ အကြမ်းစီးဖိနပ်” စသည့် ၁၉မျိုးပါဝင်သော ပစ္စည်းများကို MGMA ၏ CSR အဖွဲ့သားများမှအလှူရှင်များနှင့်အတူ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်များတွင် နေပြည်တော်ရှိ ရေဘေးသင့်‌ဒေသများသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
MGMA နှင့် အသင်းသူအသင်းသားများ၏ တစ်ယောက်တစ်လက် ကမ်းလက်အလှူများဖြင့် မိသားစုဝင်ပေါင်း (၁၀၀၀) အတွက် သိန်းတစ်ထောင်မတည်ကာ ၂၇.၉.၂၀၂၄ နေ့တွင် စက်ရုံကျေးရွာရှိ အိမ်ထောင်စုပေါင်း (၁၃၀) စု နှင့် သာယာစုကျေးရွာရှိ အိမ်ထောင်စုပေါင်း (၁၁၀) စု သို့လည်းကောင်း၊ ၂၈.၉.၂၀၂၄ နေ့တွင် ‌ညောင်ပင်ကြီးကျေးရွာရှိ အိမ်ထောင်စုပေါင်း (၃၅၂) စု နှင့် ချောင်းကမ်းကြီးကျေးရွာရှိ အိမ်ထောင်စုပေါင်း (၂၆၇) စု သို့လည်းကောင်း၊သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ရေဘေး၊မြေပြိုမှု့ကို ပြင်းထန်စွာခံစားခဲ့ရသော ရှမ်းပြည်နယ် ပအို့ဒေသများသို့ “လက်ကမ်းအလှူ ပက်ကေ့ချ်”ကို ဆက်လက်လှူဒါန်းရန် အိမ်ထောင်စုပေါင်း (၁၄၁)စု အတွက် နောင်တောင်းပရဟိတကျောင်း၊ ဟိုပုံးမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ဆက်သွယ်ပေးပို့ရန်ဆောင်ရွက်လျှက်ရှိပါသည်။