ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီနိုင်ရန်အတွက် ပါဝင်လှူဒါန်းနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီနိုင်ရန်အတွက် ပါဝင်လှူဒါန်းနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် ပထမအဆင့် (Phase-I) အနေဖြင့် သဘာဝ ဘေးအန္တရာယ်ကျရောက်သော ပြည်သူများအတွက် လတ်တလောလိုအပ်ချက်များဖြစ်သည့် အဝတ် အထည်နှင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို အလှူရှင်များ၏ ပံ့ပိုးကူညီမှုများဖြင့် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီနိုင်ရန်အတွက် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းသည် ဒုတိယအဆင့်(Phase II) အနေဖြင့် ပျက်စီး၊ ပြိုလဲနေအိမ်များကို ပြုပြင် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များကို ဆက်လက် ကူညီပံ့ပိုး သွားမည်ဖြစ်သည့်အတွက် ပါဝင်လှူဒါန်းနိုင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်အပ်ပါသည်။