COVID – 19 ရောဂါကုသရေးဌာန (အောင်မြင့်မိုရ်အိမ်ရာ) သို့ ပစ္စည်းများ လှုဒါန်းခဲ့ခြင်း

COVID – 19 ရောဂါကုသရေးဌာန (အောင်မြင့်မိုရ်အိမ်ရာ) သို့ ပစ္စည်းများ လှုဒါန်းခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချူပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ကုတင် အလုံး ၃၀၀ (တန်ဖိုးငွေကျပ် ၉,၈၄၀,၀၀၀ ဖိုး)၊ Korea Garment Association in Myanmar (KOGAM)မှ Electric Cooker အလုံး ၈၀၀ (တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀ ဖိုး) နှင့် Hong Kong Myanmar Manufacturers Association in Myanmar မှ ဆရာဝန်များ အသုံးပြုနိုင်ရန် စာရေးကိရိယာများ (တန်ဖိုးငွေကျပ် ၁,၃၉၁,၀၀၀ ဖိုး) အစရှိသည်တို့ကို အထည်ချုပ်လုပ်ငန်းရှင်များအသင်း (၃) သင်း(MGMA,KOGAM,HKMMA) တို့ ပူးပေါင်း၍COVID – 19 ရောဂါကုသရေးဌာန၊ ဒဂုံမြို့သစ်တောင်ပိုင်း (အောင်မြင့်မိုရ်အိမ်ရာ) သို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၃) ရက်နေ့တွင် လှုဒါန်းခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ အသင်းကြီး၏ CSR activities များကိုလည်း ဆက်လက်အကျိုးပြုလုပ်ဆောင်သွားမည် ဖြစ်ပါသည်။