ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်ကျင်းပခဲ့ခြင်း

ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management)ကို အွန်လိုင်းမှ တစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ဝင်ငွေနှင့် အသုံးစရိတ်များကို စနစ်တကျ စီမံခန့်ခွဲတတ်စေရန်၊ အသုံး စရိတ်များ၏ သဘာဝကို သိရှိနားလည်ပြီး ချွေတာစုဆောင်းတတ်စေရန်နှင့် လိုအပ်သော ဦးစားပေး အသုံးစရိတ်များကို ခွဲခြားသိရှိစေရန်် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းအဖွင့်အမှာစကားကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ Managing Director နှင့် Mr. Julian Stodt (Senior Project Manager, AVE) တို့မှ ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ‌ဒေါ်အင်ကြင်းမှ သင်တန်းကို ဆက်လက် သင်ကြားပေးခဲ့ပါသည်။ သင်တန်းသို့ Textile Palace Garment Factory မှ Supervisor များနှင့် ဝန်ထမ်း စုစုပေါင်း (၁၀) ယောက် တက်ရောက်ခဲ့ကြပါသည်။