MGHRDC Online Learning

MGHRDC Online Learning

Covid-19 ကပ်ရောဂါဆိုးကြီး ရင်ဆိုင်နေရတဲ့ အချိန်မှာ စီးပွားရေး လူမှု့ရေး အဘက်ဘက်ကထိခိုက်နစ်နာမှု့‌‌ တွေရှိခဲ့ပါတယ် ၊ မကြာခင်ကပ်ဆိုးကြီး မှ လွတ်မြောက်တော့မယ့်အချိန်မှာ မိမိကိုယ်ကို ဘယ်လိုကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ?
ပြောင်းလဲလာမယ့်အခြေအနေရ အထည်ချုပ်လုပ်ငန်းတွင် အရည်အချင်းနှင့် ကျွမ်းကျင်မှုကို ပိုမို၍လိုအပ်လာမည်ဆိုသည့်အချက်မှာ မလွဲမသွေးဖြစ်လာတော့မယ့်အခြေအနေဖြစ်လာပါပြီ။
ထိုသို့ အထည်ချုပ်လုပ်ငန်းနဲ့ပက်သက်တဲ့ ဗဟုသုတတိုးဖို့နဲ့ ကျွမ်းကျင်မှုပိုမိုတိုးတက်လာစေဖို့ အတတ်ပညာရပ်များကို အလွယ်တစ်ကူ ၊ မပင်မပန်း ၊ အခမဲ့ အွန်လိုင်းမှ လေ့လာသင်ယူနိုင်တော့ မည်ဖြစ်ကြောင်းသတင်းကောင်းပါးပါရစေ။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ MGHRDC မှ မြန်မာတစ်နိုင်ငံလုံးမှ ရှိတဲ့ အလုပ်လုပ်ကိုင်နိုင်သူမည်သူမဆို လုပ်ငန်းခွင်မဝင်ခင်ကြိုတင်လေ့လာသင်ယူနိုင်ရန် နှင့် ကျွမ်းကျင်ပြီးသားသူများကိုလည်း ပိုမိုဗဟုသုတတိုးစေပြီး ကျွမ်းကျင်မှုပိုလာစေရန်အတွက် ရည်ရွယ်၍ အွန်လိုင်းမှလေ့လာနိုင်သည့် (online learning platform) ကိုစတင်၍ တည်ထောင်ထားပေးပါသည်။ ထိုမှတစ်ဆင့် MGHRDC မှပြထမ်းသောသင်တန်းများကို မိမိနေအိမ်တွင်ပင် လေ့လာသင်ယူနိုင်မည်ဖြစ်ပီး သတ်မှတ်ချက်များပြည့်မှီပါက သင်တန်းပြီးမြောက်အောင်မြင်ကြောင်းလက်မှတ်လည်းပေးအပ်သွား ဖြစ်သည့်အတွက် အမြန်ဆုံး စာရင်းပေးသွင်းပြီးတက်ရောက်လိုက်ပါ။
နောက်ပြီး အခုပိုစ့်ကပညာဒါနဖြစ်လို့ပိုစ့်ကို Like ရှယ်ပေးပြီးအများသိအောင်လုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။
*စာရင်းပေးသွင်းရန် – https://forms.office.com/Pages/ResponsePage.aspx…
*သင်တန်းများဝင်ရောက်လေ့လာရန် – https://www.facebook.com/groups/mghrdc

*ဆက်သွယ်မေးမြန်းရန်ဖုန်းနံပါတ် – ၀၉-၇၈၄၀၈၇၇၃၉, ၀၉-၇၈၄၃၀၂၃၅၆