Myanmar Tripartite delegation to the 108th International Conference on 17 June 2019 in Geneva

Myanmar Tripartite delegation to the 108th International Conference on 17 June 2019 in Geneva

Myanmar Tripartite delegation to the 108th International Conference on 17 June 2019 in Geneva. Plenary Speech by Myanmar Employers’ Delegate, Daw Khine Khine Nwe, Joint Secretary General of the Union of Myanmar Federation of Industries and Chamber of Commerce UMFCCI. Different constituents, different approaches yet working as Social Dialogue partners of a Tripartite delegation.

ပထမဦးစွာ ပြည်သူ့ရေးရာ မူဝါဒ နှင့် စီးပွားရေးလုပ်ငန်း လက်တွေ့ကျင့်ကြံမှု တွင် အရေးပါသည့် လူ နှင့် အလုပ် နေရာချထားရေးအတွက် မူဝါဒဆုံးဖြတ်သူတွေကို ဆန်းသစ်သော အခြေခံမူများ မိတ်ဆက် ပေးထားပြီး အသုံးဝင်သော လမ်းညွှန်ချက်များကို ထောက်ပံ့ပေး သည့် “ ပိုမိုတောက်ပသော အနာဂါတ် အတွက် အလုပ်အကိုင်- Work for a Brighter Future” အစီရင်ခံစာအတွက် ညွှန်ကြား ရေးမှူးချုပ်ကို ကျေးဇူး အထူးတင်ရှိပါတယ်။

ကျွန်မတို့ မြင်တွေ့လိုသည့် ကျွန်မတို့ မြန်မာနိုင်ငံ အနာဂါတ် ရည်မှန်းချက်အတွက် အကြံပြုချက်အများစုကိုထည့်သွင်းစဉ်းစား သွားပါမည်။

အစီရင်ခံစာတွင် အလေးပေးဖော်ပြထားသော အကြောင်းအရာ များအားလုံးကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ရာအတွက် လက်ရှိ အနေ အထား တွင် ကဏ္ဍအပိုင်းအခြားအလိုက် တည်ဆောက် သွားရ မည်ဆိုသည် ကိုလည်း ကျွန်မတို့ အနေဖြင့် သိရှိနားလည်ထား ပါ သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ခိုင်မာအားကောင်းစေရန် ဆောင် ရွက်ခြင်း၊ ကမ္ဘာ့ဈေးကွက်သို့ တက်လှမ်းခြင်း နှင့် ခေတ်မှီသော၊ စွမ်းရည်ပြည့်ဝသော နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် လိုအပ် သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်း ဖြင့် ရှုပ်ထွေး လှသော အသွင်ကူး ပြောင်းရေးဆိုင်ရာ ကာလတစ်ခုကို ဖြတ်သန်း နေရပါသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ် အနေဖြင့် ၊ ILO ကဲ့သို့ပင် အသွင်ကူးပြောင်းခြင်း၊ စီမံခန့်ခွဲ အုပ်ချုပ်မှုများ ပိုမိုအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ များပြား လှသော စီးပွားရေး ဆိုင်ရာ ၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးခြင်း၊ နိုင်ငံအတွက် ခိုင်မာအားကောင်းသော ၊ အပြု သ ဘောဆောင်သော အလုပ်ရှင်-အလုပ်သမား စက်မှုလုပ်ငန်းခွင် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ထိရောက်သော အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု တည်ဆောက်ရေးတို့တွင် ခိုင်မာသော ဆုံးဖြတ်ချက် နှင့်အတူ မိမိတို့ ၏ နှစ်တစ်ရာပြည့်အခမ်းအနားကို ကျင်းပလျှက်ရှိပါသည်။

UMFCCI သည် စီးပွားရေးလုပ်ငန်းရှင်များ၏ အသံကို အပြည့်အ၀ ကိုယ်စားပြုသော၊ ဆုံးဖြတ်ချက်ချမှတ်သူများကို သတင်းအချက် အလက်အမှန်ကို ထောက်ပံ့ပေးစွမ်းနိုင်သော၊ လွတ်လပ်သော၊ အမှီ အခိုကင်းသော၊ ပြောင်းလဲမှုကို လိုက်ပါဆောင်ရွက်သည့် အဖွဲ့ အစည်း တစ်ခုဖြစ်ပါသည်။

အဖွဲ့ဝင်ကိုယ်စားပြုမှု၊ ရွေးကောက်မှုဖြင့် တည်ရှိနေသော နိုင်ငံအဆင့် အလုပ်ရှင်အဖွဲ့အစည်းတစ်ခုအနေဖြင့် ပြီးခဲ့သော ၁၂ လ အတွင်း ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် အလုပ်ရှင်-အလုပ်သမား စက်မှုလုပ်ငန်းခွင် ဆက်ဆံရေး ကော်မတီ တည်ထောင်ထားခြင်း၊ အလုပ်သမားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်ပိုမိုတိုးချဲ့အပ်နှင်းပေးခြင်း၊ အဖွဲ့ဝင်များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ရေး အတွက် အလုပ်ရှင်အဖွဲ့အစည်း ဌာန ကို ပြုပြင်ပြောင်းလဲခြင်း နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်ရှင်အဖွဲ့ချုပ်တို့ ကို အဖွဲ့ဝင်လျှောက် ထားခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

အစီရင်ခံစာပါ အကြံပြုချက်များထဲမှ တစ်ခုသည် အစိုးရ-အလုပ်ရှင်-အလုပ်သမား တွေ့ဆုံဆွေးနွေးမှုကို ပိုမိုအားကောင်းစေမည့် ပြည်သူ့ ရေးရာ မူဝါဒများကို တောင်းဆိုထားပြီး စုပေါင်း ကိုယ်စားပြုခြင်းကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် အသစ်တည်ဆောက်ရန် မလိုအပ်တော့ဘဲ တွေ့ဆုံ ဆွေးနွေးမှု အလေ့အထကို ဆက်လက် တည်ဆောက်သွား ရန်သာ လိုအပ်ပါသည်။ UMFCCI အနေဖြင့် ဤကိစ္စတွင် ပါဝင်ဆောင် ရွက်ရန် အခိုင်အမာဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

အထည်ချုပ်လုပ်ငန်းကဏ္ဍ ခိုင်မာအားကောင်းစေရန် နှင့် ရေရှည်တည်တံ့ နိုင်စေရန် အတွက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပြုပြင်ပြောင်းလဲ မှုများတွင် အရေးပါသည့် လမ်းညွှန်ချက်များကို ထောက်ပံ့ပေးနိုင်သော ILO/ACTEMP လုပ်ငန်းစီမံကိန်းမှတဆင့် ကျွန်မတို့ကို တန်ဖိုး မဖြတ်နိုင်တဲ့ နည်းပညာအကူအညီ ပံ့ပိုးပေးတဲ့အတွက် မြန်မာနိုင်ငံမှာ ရှိသော ILO ဆက်ဆံရေး အရာရှိ နှင့် ACTEMP ILO အလုပ်ရှင် ဗျူရိုမှ ဒါရိုက်တာကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

UMFCCI အနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ကြိမ်းပမ်းဆောင်ရွက်မှုများကို တန်ဖိုးထားပါသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး ဥပဒေကို အတည်ပြုပြီး ပြဋ္ဌာန်းပြီးသည့်အပြင် အခြားသော ဥပဒေများကိုလည်း ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဒီမိုကရေစီ ဖွံ့ဖြိုးစ အချိန်တွင် အစိုးရ-အလုပ်ရှင်-အလုပ်သမား ကိစ္စများကို ဆောင်ရွက်ခြင်း သည် လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းကိုလည်း ကျွန်မတို့ အနေဖြင့် နားလည်ပါသည်။ သို့သော်လည်း ဥပဒေပြုသူများအနေဖြင့် အစိုးရ-အလုပ်ရှင်-အလုပ်သမား အပြုသဘောဆောင်၍ တွေ့ဆုံဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များမှ ထွက်ပေါ်လာသော အချက်များကို ဥပဒေပြုရေး တွင် ထည့်သွင်းစဉ်းစားပေးရန်လည်း လိုအပ်ပါသည်။

အလုပ်သမားအဖွဲ့အစည်းဥပဒေ နှင့်ပါတ်သက်၍ အလုပ်ရှင်များသည် ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုဖြင့် လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် ရရှိစေရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သော Direct Contact Mission နှင့် ILO ၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် လိုက်နာကျင့်သုံးခြင်းဆိုင်ရာ အကြံပြုချက်များ နှင့် ကိုက်ညီသော တင်ပြချက်အသေးစိတ်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ အလုပ်ရှင်များမှ ပေးပို့ထားပြီးဖြစ်ပါသည်။

ကျွန်မတို့ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် အခြေခံကျသည့် အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင်ရာ ယန္တရားကို ဥပဒေဖြင့် တရားဝင် အသိအမှတ်ပြုနိုင်ရန်အတွက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု အဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေစာသား တစ်ခုကို ထည့်သွင်း နိုင်ရန်အတွက်လည်း အလုပ်ရှင်များအားလုံးမှ သဘောတူညီ ထားပြီးဖြစ်ပါသည်။

ပိုမိုတောက်ပသော အနာဂါတ်အတွက် အလုပ်အကိုင်နှင့် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ ကိစ္စများတွင် UMFCCI သည် ကျောင်း ပညာရေးမှ လုပ်ငန်းခွင် ချိတ်ဆက်မှု အစီအစဉ်၊ မကျွမ်းကျင်သော သူကို ကျွမ်းကျင်မှုရှိအောင် လုပ်ပေးခြင်း၊ ကျွမ်းကျင်ပြီးသား သူကို ထပ်ပြီး ကျွမ်းကျင်မှုရှိအောင် လုပ်ပေးခြင်းများ အတွက် ပညာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း လုပ်ဆောင်လျှက်ရှိပါသည်။ လုပ်ငန်း ကျွမ်းကျင်မှု စံနှုန်း သတ်မှတ် ရေး၊ အကဲဖြတ်ရေး ကိစ္စများတွင် လည်း အလုပ်သမား ဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ဆောင် လျှက် ရှိပါသည်။

ကျွန်မတို့မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများ၏ အထူးအလေးထား စောင့်ကြည့်ခြင်းကို ခံနေရပါသည်။ EU ၏ အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေး ရရှိခံစားနိုင်ရန် နှင့် ဥရောပ ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိရေးတွင် EU အနေဖြင့် ကုလသမဂ္ဂ၏ အခြေခံလူ့အခွင့်အရေးစံနှုန်းများ နှင့် ILO ပြဋ္ဌာန်းချက်များ လိုက်နာ ကျင့် သုံးရေးတွင် စောင့်ကြည့် လေ့လာ လျှက် ရှိပါသည်။

ကျွန်မတို့အနေဖြင့် EU နှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပြီး အထည်ချုပ် စက်ရုံများတွင် လူမှုရေးစံနှုန်းများ လိုက်နာကျင့်သုံးရေး တို့တွင် သိသာ ထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှု တို့ကို ပြသထားပြီးဖြစ်ပါသည်။ အထည်ချုပ် လုပ်ငန်းကဏ္ဍ ၊ ပဲမျိုးစုံ၊ မွေးမြူရေး လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မရှိမရှိ အရေးပါသည့် အခွန်ကင်းလွတ်ခွင့် အထူး အခွင့်အရေးကို ပြန်လည်ရုပ်သိမ်းခြင်းမှ ကာကွယ်ရန်အတွက်လည်း အစိုးရအနေဖြင့် လိုအပ်သော လုပ်ဆောင်မှုများကို ဆောင်ရွက်ရန် ဤနေရာမှ တိုက်တွန်း ပြောကြားလိုပါသည်။

အခွင့်အလမ်းနည်းပါးသည် နေရာဒေသများမှ အမျိုးသမီး များ အတွက် အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးရာတွင် လည်း ကောင်း၊ နိုင်ငံလူဦးရေ သန်းတစ်ဝက်ကို သင့်လျော် ကောင်းမွန် သော ပုံမှန်အကိုင် ထောက်ပံ့ပေးရာတွင်လည်းကောင်း၊ အထည် ချုပ် လုပ်ငန်းကဏ္ဍသည် အရေးကြီးဆုံး လုပ်ငန်းကဏ္ဍဖြစ် ပါသည်။

ကံမကောင်းစွာဖြင့်၊ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော ILO ၏ သုတေသန ပေါ်တွင် အခြေခံ၍ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား အသုံးပြုမှု အလားအလာ ရှိနေဆဲဟု ဖော်ပြခြင်းခံခဲ့ရပါသည်။

ယင်းအချိန်ကတည်းမှစ၍ တိုးတက်ဖြစ်ထွန်းမှုများသည် သိသာ ထင်ရှား လွန်းသဖြင့်၊ အထူးသဖြင့် စနစ်တကျစုဖွဲ့ထားသော စီးပွား ရေး လုပ်ငန်းများတွင် ပိုမိုသိသာထင်ရှားသဖြင့် ကလေးအလုပ် သမားဆိုင်ရာ အစီရင်ခံစာ တင်ပြစရာ မရှိသည် အထိ ဖြစ်ခဲ့ ပါသည်။

ကျွန်မတို့အနေဖြင့် ဤကဏ္ဍတွင် ကလေးအလုပ်သမား အသုံးမပြု ကြောင်းကို ထပ်လောင်း အတည်ပြုအပ်ပါသည်။ ထို့ကြောင့် ILO ကိုလည်း တိုးတက်ဖြစ်ထွန်းမှုတို့ကို အလေးပေးဖော်ပြရန် အထောက် အကူပြုမည့် စစ်တမ်းအသစ်ကောက်ခံရန် တရားဝင် တောင်းဆို ထားပြီး ဖြစ်ပါသည်။

UMFCCI သည် ILO/ACTEMP စီမံကိန်း အထောက်အပံ့ဖြင့် မကြာသေးမှီက မြန်မာနိုင်ငံတွင် “တာဝန်သိသော စီးပွားရေး လုပ်ငန်း နှင့် လူ့အခွင့်အရေး” အတွက် အလွန်အရေးပါသည့် ဖိုရမ်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဖိုရမ်မှ သိသာထင်ရှားသည့် ခေါင်းဆောင်မှု၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး နှင့် ရေရှည်တည်တံ့မှုတို့အတွက် ကျွန်မတို့၏ သဘောထား ရပ်တည်ချက်တို့ကို ပြသထားပြီးဖြစ်ပါသည်။ UMFCCI အနေဖြင့် ဤကဲ့သို့သော တန်ဖိုးရှိမှုများကို အဖွဲ့ဝင်အဖွဲ့အစည်း များကို ပညာပေးစည်းရုံးသွားမည်ဖြစ်ပြီး လမ်းညွှန်ချက်များပေးနိုင် လိမ့်မည်ဟု လည်း ယုံကြည်ပါသည်။

ရေရှည်တည်တံ့၍ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးမြှင့်ပေးရန်အတွက် အရေးပါသည့် စီးပွားရေးလုပ်ငန်းကဏ္ဍများရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်ရန်အတွက် မှန်ကန်သည့် လမ်းကြောင်းပေးမှုကိုလည်း ဤအစီရင်ခံစာတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ အနာဂါတ်ပိုမိုတောက်ပလာစေရန်အတွက် UMFCCI သည် ပါဝင်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် ယခုနှစ်များအတွင်း ILO ၏ ကူညီပံ့ပိုးပေးမှုများအတွက် ထပ် လောင်း ကျေးဇူးတင်ပါသည်။ အစိုးရ-အလုပ်ရှင်-အလုပ်သမား နှင့် ILO ရုံးအဖွဲ့ဝင်များ နှင့် UMFCCI အားလုံးကို ပျော်ရွှင်ဖွယ် နှစ်တရာပြည့် ဖြစ်ပါစေကြောင်း ဆုတောင်းရင်း ကျေးဇူးအထူးတင်ရှိ ပါတယ်။

Credit : CTUM